News

AUTO PARTS SALE CENTER

By | 2019-09-09T16:05:56+06:30 September 9th, 2019|News|

မုဒုံမောင်မောင် ကားပစ္စည်းအရောင်းစင်တာ (သုဝဏ္ဏဆိုင်ခွဲ)၏ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းမှာမင်္ဂလာရှိစွာဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။ 😃 😃 😃 ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်အားပေးချီးမြှင့်ခဲ့ကျသော ဧည့်သည်တော်များနှင့်တကွ ဝယ်ယူအားပေးခဲ့ကြသည့်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လာရောက်ဝယ်ယူအားပေးကျသော လူကြီးမင်းများအား လက်ဆောင်များပြန်လည်ပေးသွားမည့်အစီအစဉ်လဲရှိနေတဲ့အတွက် အရောက်လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်။ 📌 ပရိုမိုးရှင်းကာလကတော့ ⚠️ 23 Aug မှ 30 Aug ⚠️ အထိ ဖြစ်တဲ့အတွက်အချိန်မှီလေးပြေးခဲ့လိုက်ပါတော့ဗျာ။ 😁 ပရိုမိုးရှင်းအစီအစဉ်အသေးစိတ်ကိုတော့ အောက်ကလင့်ခ်ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။https://www.facebook.com/236820356418947/posts/1972563956177903?sfn 🙏🏻 🙏🏻 🙏🏻 အစဉ်အမြဲဝယ်ယူအားပေးနေကျသော မိတ်ဟောင်းမိတ်သစ်များကိုလေးစားတန်ဖိုးထားလျက် မုဒုံမောင်မောင် ကားပစ္စည်းအရောင်းစင်တာ(သုဝဏ္ဏ)အမှတ် - ၅၄ ၊ သံသုမာလမ်း၊ (ဂ) ရပ်ကွက်သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ဖုန်း - ၀၉ ၂၆၉ ၅၆၂ ၆၆၀၊ ၀၉ ၂၆၉ ၅၆၂ ၆၆၁

မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းတည်ဆောက်ခြင်း

By | 2019-09-09T15:52:48+06:30 September 9th, 2019|News|

မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင်တည်ရှိပါသည်။ ထိုမြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်းသည် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန် သာမက ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍကိုလည်း အထောက်အကူပြုလျှက်ရှိပါသည်။ ထို မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းကြောင့် ကျောက်ဆည်ခရိုင်အတွင်းရှိ လက်ရှိဇော်ဂျီဆည်ရေသောက် ဧရိယာ (၈၂၀၀၀) ဧက အား ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ခြောက်သွေ့ဒေသ အတွင်းရှိ မိတ္ထီလာ လွင်ပြင်အတွင်းရှိရေသောက် ဧရိယာ (၃၃၀၀၀) ဧက ခန့် တို့ကိုဆည်ရေဖြင့် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်သွားနိုင်ရုံသာမက နိုင်ငံတော် အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား (၁၅ မဂ္ဂါဝပ် x ၂ လုံး) (၃၀) မဂ္ဂါဝပ် ကိုလည်း ဖြည့်တင်းပေးနိုင်မည့် အပြင် ခြောက်သွေ့ဒေသ

ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ခြင်း

By | 2019-08-30T13:44:51+06:30 August 30th, 2019|News|

ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီး အတွင်း ၌ မဲဇလီဒလမှ ခတ္တိယရွာအထိ အလျား (၇.၅၂) မိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ခတ္တိယရွာမှာ ရန်ကုန်မြစ်ဝအထိ (၂၆.၆) မိုင်၊ စုစုပေါင်းအလျား (၃၄)မိုင်ကျော်ခန့် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းသည့် ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ညောင်တုန်းမြို့မှစ၍ ဧရာဝတီမြစ်မှ ခွဲထွက်ပြီး စီးဆင်းခဲ့ရာ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအနီးတွင် ပန်းလှိုင်မြစ်၊ ကုက္ကိုဝမြစ်ဟူ၍ မြစ်နှစ်ဆင်း ခွဲထွက်ပြီး ပန်းလှိုင်မြစ်သည် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးတွင် လှိုင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ ပန်းလှိုင်မြစ်ကြောင်းတူးမြောင်း အကောင်ထည်ဖော်ခြင်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ စိုက်ပျိုးရေးကောင်းမွန်ခြင်း၊ တံငါလုပ်ငန်းများဖြင့်အသက်မွေးခြင်း စသည်တို့ကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပြန်လ ည်အဆင်ပြေချောမွေ့ခဲ့ပါသည်။

ပဲခူး-စစ်တောင်း တူးမြောင်း ပြန်လည်တူးဖော်ခြင်း

By | 2019-08-30T13:37:56+06:30 August 30th, 2019|News|

အဆိုပါ တူးမြောင်းသည် စစ်တောင်းမြစ်ပေါ်ရှိ မြစ်ကျိုးရွာမှနေ၍ ဝေါ၊ မင်းရွာနှင့် သနပ်ပင်မြို့များကို ဖြတ်သန်းကာ ပဲခူးမြို့တောင်ဘက် ပဲခူးမြစ်ပေါ်ရှိ တာဝရွာအထိ သွယ်တန်းတူးပေါ်ထားခြင်းဖြစ်ပါသည်။ အဆိုပါ စီမံကိန်းလုပ်ဆောင်သည့် အကျိုးကျေးဇူးကြောင့် ဒေသခံပြည်သူများအတွက် လယ်ယာစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေလုံလောက်စွာ ရရှိလာခြင်း၊ သောက်ရေသုံးရေ ပိုမိုရရှိခြင်း၊ ကျွဲနွားများနှင့် အခြားသော တိရိစ္ဆာန်များအတွက် လုံလောက်သော ရေရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူများ ဖြစ်စေခြင်း စသော အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။

Mudon Maung Maung Auto Parts Sale Center (Taunggyi Branch)

By | 2018-10-08T10:43:07+06:30 October 3rd, 2018|News, Uncategorized|

🙏🏻 မင်္ဂလာပါ တောင်ကြီးမှအမျိုးများ 🙏🏻 ကျွန်တော်တို့ မုဒုံမောင်မောင် ကားပစ္စည်းအရောင်းစင်တာ၏ ၁၀ ဆိုင်မြောက်ဆိုင်ခွဲဖြစ်သော တောင်ကြီးဆိုင်ရဲ့ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှာမင်္ဂလာရှိစွာဖြင့်ကျင်းပပြုလုပ်ဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျာ။ ဖွင့်ပွဲအခမ်းအနားသို့ကြွရောက်အားပေးချီးမြှင့်ခဲ့ကျသော ဂုဏ်သရေရှိဧည့်သည်တော်များနှင့်တကွ ဝယ်ယူအားပေးခဲ့ကြသောမိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ အရည်အသွေးမြင့်ကားအပိုပစ္စည်းများကို ပစ္စည်းမှန် ဈေးနှုန်းမှန် ဖြင့်ဝယ်ယူအားပေးနိုင်ပြီဖြစ်ပါကြောင်း တောင်ကြီးမြို့နှင့်အနီးတစ်ဝိုက်ရှိမြို့နယ်များမှမိတ်ဟောင်း မိတ်သစ်များကိုသတင်းကောင်းပါးလို့ဖိတ်ခေါ်လိုက်ရပါတယ်။ 😃😃😃 🔷 🔷 🔷 🔷 🔷 🔷 🔷 မုဒုံမောင်မောင် ကားပစ္စည်းအရောင်းစင်တာ (တောင်ကြီး) အမှတ် 5-A, Zone A Taunggyi Business Center (၄) မိုင်၊ တောင်ကြီး-ဟိုပုံးလမ်း၊ တောင်ကြီးမြို့။ ဖုန်း - 09895535298, 09895535299

Donation Program of teaching aids for educational purposes by Mudon Maung Maung during School Opening Season

By | 2018-06-13T10:47:55+06:30 June 13th, 2018|News|

မုဒုံမောင်မောင်ကုမ္ပဏီလုပ်ငန်းစု၏ ကျောင်းဖွင့်ရာသီပညာရေး အတွက် သင်ထောက်ကူပစ္စည်း လှူဒါန်းခြင်း အစီအစဉ် မုဒုံမောင်မောင်ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် ယခုလိုကျောင်းဖွင့်ရာသီအစမှာ လိုအပ်ချက်များရှိနေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကလေးသူငယ်၊ ကိုရင်၊ သီလရှင်များအတွက် ပညာရေးအထောက်အပံ့ဖြစ်စေရန် နှစ်စဉ်လှူဒါန်းမှု အစီအစဉ် (Donation Program) များ ချမှတ်ကာ {၂၀၁၈ ~ ၂၀၁၉} ပညာသင်နှစ်အတွက် ပါဝင်လှုဒါန်းဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထို့အပြင် ကုမ္ပဏီလုပ်ငန်းစုအောက်တွင်ရှိသော ၀န်ထမ်းသားသမီးများအတွက် ကုမ္ပဏီမှ ၀န်ထမ်းများနှင့်အတူ တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလို့သည့်ဆန္ဒဖြင့် ကျောင်းစရိတ်အသုံးပြုရန် ပံ့ပိုးကူညီငွေနှင့် ထောက်ပံ့ပစ္စည်းများဖြစ်သော စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကျောပိုးအိတ်၊ ကွန်ပါဘူးများအား ၀န်ထမ်းသားသမီး (၁၆၇)ဦးအတွက် ပေးအပ်ခြင်းကို (၅-၆-၂၀၁၈၊ အင်္ဂါနေ့)တွင် ၀န်ထမ်းမိဘများထံသို့ အမှုဆောင်ဒါရိုက်တာ ဒေါ်စိုးနန္ဒာဦး ကိုယ်တိုင်ပေးအပ်လှူဒါန်းခဲ့ပြီး အနယ်အနယ် အရပ်ရပ် ရုံးခွဲများတွင်လည်း ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါသည်။

Blood_Donation_Ceremony

By | 2018-05-24T09:05:05+06:30 May 24th, 2018|News|

မုဒုံမောင်မောင်လုပ်ငန်းစု၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲ မုဒုံမောင်မောင် လုပ်ငန်းစုအနေဖြင့် 1993 ခုနှစ်မှ စတင်ပြီး ကားပစ္စည်းရောင်းဝယ်ခြင်းဖြင့် စတင်လုပ်ကိုင်လာခဲ့တာ ယခု ဆိုရင်ဖြင့် လုပ်ငန်းပေါင်း ၆ ခုနှင့်အတူ “၂၅ နှစ် ငွေရတု” တိုင်ခဲ့ပါပြီ ဤလုပ်ငန်းကြီး ရှင်သန်ရန် မိမိတို့၏ ကိုယ်စွမ်း ဥာဏ်စွမ်းဖြင့် ပါဝင်လုပ်ဆောင်ပေးနေကြသလို တကယ့် မေတ္တာစိတ်အပြည့်ဖြင့် မိမိတို့ရဲ့ ခန္တာကိုယ်မှ သွေးကို ထုတ်ပြီး လူအသက်များစွာကို ကယ်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စုပေါင်း သွေးလှူပွဲကို ယနေ့ ၁၉ - ၅ - ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ၏ Managing Director and Executive Director အပါအ၀င် Department ပေါင်းစုံမှ ညီအစ်ကိုမောင်နှမများနှင့်

Annual Staff Party

By | 2018-04-03T03:30:48+06:30 February 13th, 2018|News|

ငပလီကမ်းခြေ Jasmine Ngapali Resort မှာကျင်းပခဲ့တဲ့ Mudon Maung Maung Group of Companies ရဲ့ Annual Staff Party ကို တက်ရောက်ဆင်နွှဲခဲ့ကြတဲ့ဝန်ထမ်းများနဲ့မိသားစုဝင်များဟာ ယနေ့ညမှာတော့မိမိတို့၏နေရာဌာနအသီးသီးသို့ ပြနလည်ရောက်ရှိကြပီဖြစ်ပါတယ်။ ပျော်ရွှင်ရယ်မောစရာTeam Building Game များ၊ ဌာနအသီးသီးမှ ညီအစ်ကိုမောင်နှမ များ၏အကအလှဖျော်ဖြေတင်ဆက်မှုများ နှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Lucky Draw အစီအစဉ်များကြောင့် ဝန်ထမ်းများအားလုံးလဲပျော်ရွှင်ကြည်နူးဖွယ်ရာနေ့ရက်လေးတွေကိုဖြတ်သန်းပိုင်ဆိုင်ခဲ့ရမယ်လို့လဲယုံကြည်ပါတယ်။ နေ့သစ်ပေါင်းများစွာကိုအားအင်အပြည့်ဖြင့် အောင်မြင်ပျော်ရွှင်စွာအတူတူကျော်ဖြတ်ကြပါစို့