မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင်တည်ရှိပါသည်။

ထိုမြို့ကြီး ရေလှောင်တမံ ဘက်စုံစီမံကိန်းသည် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရန် သာမက ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍကိုလည်း အထောက်အကူပြုလျှက်ရှိပါသည်။ ထို မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းကြောင့် ကျောက်ဆည်ခရိုင်အတွင်းရှိ လက်ရှိဇော်ဂျီဆည်ရေသောက် ဧရိယာ (၈၂၀၀၀) ဧက အား ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပြီး ခြောက်သွေ့ဒေသ အတွင်းရှိ မိတ္ထီလာ လွင်ပြင်အတွင်းရှိရေသောက် ဧရိယာ (၃၃၀၀၀) ဧက ခန့် တို့ကိုဆည်ရေဖြင့် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်သွားနိုင်ရုံသာမက နိုင်ငံတော် အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား (၁၅ မဂ္ဂါဝပ် x ၂ လုံး) (၃၀) မဂ္ဂါဝပ် ကိုလည်း ဖြည့်တင်းပေးနိုင်မည့် အပြင် ခြောက်သွေ့ဒေသ ဖြစ်သည့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံးကို ပိုမိုစိမ်းလန်း စိုပြည်လာစေပါသည်။

ထိုဘက်စုံစီမံကိန်းတွင် တတပ် တအား ပါဝင်ခွင့်ရရှိခဲ့သည့် အတွက် ကျေးဇူးတင်ထိုက်သူအားလုံး ကိုကျေးဇူး အထူးတင်ရှိပါသည်။