အဆိုပါ တူးမြောင်းသည် စစ်တောင်းမြစ်ပေါ်ရှိ မြစ်ကျိုးရွာမှနေ၍ ဝေါ၊ မင်းရွာနှင့် သနပ်ပင်မြို့များကို ဖြတ်သန်းကာ ပဲခူးမြို့တောင်ဘက် ပဲခူူးမြစ်ပေါ်ရှိ တာဝရွာအထိ သွယ်တန်းတူးပေါ်ထားခြင်းဖြစ်ပါသည်။

အဆိုပါ စီမံကိန်းလုပ်ဆောင်သည့် အကျိုးကျေးဇူးကြောင့် ဒေသခံပြည်သူများအတွက် လယ်ယာစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေလုံလောက်စွာ ရရှိလာခြင်း၊ သောက်ရေသုံးရေ ပိုမိုရရှိခြင်း၊ ကျွဲနွားများနှင့် အခြားသော တိရိစ္ဆာန်များအတွက် လုံလောက်သော ရေရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အထောက်အကူများ ဖြစ်စေခြင်း စသော အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။