ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီး အတွင်း ၌ မဲဇလီဒလမှ ခတ္တိယရွာအထိ အလျား (၇.၅၂) မိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ခတ္တိယရွာမှာ ရန်ကုန်မြစ်ဝအထိ (၂၆.၆) မိုင်၊ စုစုပေါင်းအလျား (၃၄)မိုင်ကျော်ခန့် ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းသည့် ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ညောင်တုန်းမြို့မှစ၍ ဧရာဝတီမြစ်မှ ခွဲထွက်ပြီး စီးဆင်းခဲ့ရာ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအနီးတွင် ပန်းလှိုင်မြစ်၊ ကုက္ကိုဝမြစ်ဟူ၍ မြစ်နှစ်ဆင်း ခွဲထွက်ပြီး ပန်းလှိုင်မြစ်သည် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးတွင် လှိုင်မြစ်အတွင်းသို့ စီးဝင်ပါသည်။
ပန်းလှိုင်မြစ်ကြောင်းတူးမြောင်း အကောင်ထည်ဖော်ခြင်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ စိုက်ပျိုးရေးကောင်းမွန်ခြင်း၊ တံငါလုပ်ငန်းများဖြင့်အသက်မွေးခြင်း စသည်တို့ကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ပြန်လ ည်အဆင်ပြေချောမွေ့ခဲ့ပါသည်။