မုဒုံမောင်မောင်ကုမ္ပဏီလုပ်ငန်းစု၏ ကျောင်းဖွင့်ရာသီပညာရေး အတွက် သင်ထောက်ကူပစ္စည်း လှူဒါန်းခြင်း အစီအစဉ်
မုဒုံမောင်မောင်ကုမ္ပဏီလုပ်ငန်းစုအနေဖြင့် ယခုလိုကျောင်းဖွင့်ရာသီအစမှာ လိုအပ်ချက်များရှိနေတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ ကလေးသူငယ်၊ ကိုရင်၊ သီလရှင်များအတွက် ပညာရေးအထောက်အပံ့ဖြစ်စေရန် နှစ်စဉ်လှူဒါန်းမှု အစီအစဉ် (Donation Program) များ ချမှတ်ကာ {၂၀၁၈ ~ ၂၀၁၉} ပညာသင်နှစ်အတွက် ပါဝင်လှုဒါန်းဖြည့်ဆည်းပေးလျက်ရှိပါသည်။
ထို့အပြင် ကုမ္ပဏီလုပ်ငန်းစုအောက်တွင်ရှိသော ၀န်ထမ်းသားသမီးများအတွက် ကုမ္ပဏီမှ ၀န်ထမ်းများနှင့်အတူ တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလို့သည့်ဆန္ဒဖြင့် ကျောင်းစရိတ်အသုံးပြုရန် ပံ့ပိုးကူညီငွေနှင့် ထောက်ပံ့ပစ္စည်းများဖြစ်သော စာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကျောပိုးအိတ်၊ ကွန်ပါဘူးများအား ၀န်ထမ်းသားသမီး (၁၆၇)ဦးအတွက် ပေးအပ်ခြင်းကို (၅-၆-၂၀၁၈၊ အင်္ဂါနေ့)တွင် ၀န်ထမ်းမိဘများထံသို့ အမှုဆောင်ဒါရိုက်တာ ဒေါ်စိုးနန္ဒာဦး ကိုယ်တိုင်ပေးအပ်လှူဒါန်းခဲ့ပြီး အနယ်အနယ် အရပ်ရပ် ရုံးခွဲများတွင်လည်း ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖြစ်သော-
( ၁ ) မှော်ဘီမြို့နယ် ပါရမီဖြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ကိုရင်၊ သီလရှင်များ (၄၉၃)ဦး၊
( ၂ ) တိုက်ကြီးမြို့နယ် (Y.G.W) မိဘမဲ့ကလေးများစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ကိုရင်၊ သီလရှင်များ (၃၆၃)ဦး၊
( ၃ ) တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းသား/ကျောင်းသူများနှင့် ကိုရင်၊ သီလရှင်များ (၄၆၈)ဦး၊
( ၄ ) သာကေတမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကျောင်းသား/ကျောင်းသူများနှင့် ကိုရင်၊ သီလရှင်များ (၆၇၅)ဦး၊
( ၅ ) ကျိုက်ထိုမြို့နယ်
အထက်အင်္ဂဘိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများ (၃၀)ဦး တို့အတွက် (၁)ဦးလျှင် စာအုပ်(၁)ဒါဇင်၊ ခဲတံ(၆)ချောင်း၊ ဘောပင်(၆)ချောင်းစီ တို့ကို လှူဒါန်းပေးခဲ့ပါသည်။
{၂၀၁၈~၂၀၁၉ } ပညာသင်နှစ်အတွက် မုဒုံမောင်မောင်ကုမ္ပဏီများ လုပ်ငန်းစုမှ ပညာရေးထောက်ပံ့မှုအတွက် လှူဒါန်းမှု ပြုလုပ်ခဲ့သော စုစုပေါင်းတန်ဖိုးငွေကျပ်အားဖြင့် (၁၅,၀၁၅,၃၁၁/-)ကျပ်ကို လှူဒါန်းမှု ပြုလုပ်နိုင်ခဲ့ပါသည်။
=========================================================================
Donation Program of teaching aids for educational purposes by Mudon Maung Maung during School Opening Season
As Mudon Maung Maung Group of Companies, we have been establishing annual donation programs to support an education for those students, novices and nuns who are attending in monastic schools and need accessories and teaching aids at the beginning of an Open School Season. We are now donating for (2018~2019) Academic year as an annual donation program.
Moreover, since we also would like to take a part of responsibility for educational progress to our employees’ children. Our Executive Director, Daw Soe Nanda Oo, delivered educational fees, teaching aids and stationary such as books, pencils, rulers, backpacks and pencil bags to (167) children of our employees on 5th of June, 2018 (Tuesday). And also, we held our activities in every branches of offices.
In this year, 2018, we had already donated as a list of below.
( 1 ) Parami Phyae Monastic school in Hmawbi township for (493) students
( 2 ) (Y.G.W) Orphanage school and monastery, Taik Gyi township for (363) students
( 3 ) Myintha Myo Oo Monastic school, South Okkalapa township for (484) students
( 4 ) Mahar Gandar Yone Monastery, Thar Kay Ta township for (675) students
( 5 ) Upper Ingabo Village, Basic Education Primary School, Kyite Hto township for (30) students each for (1) dozen of book, and (6) pcs of pencil and (6) pcs of ballpoint pen.
Therefore, Mudon Maung Maung Group of Companies could donate for this programs to support an education and as a total, we had donated (15,015,311) kyats for (2018~2019) an Academic year.