မုဒုံမောင်မောင်လုပ်ငန်းစု၏ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲ

မုဒုံမောင်မောင် လုပ်ငန်းစုအနေဖြင့် 1993 ခုနှစ်မှ စတင်ပြီး ကားပစ္စည်းရောင်းဝယ်ခြင်းဖြင့် စတင်လုပ်ကိုင်လာခဲ့တာ ယခု ဆိုရင်ဖြင့် လုပ်ငန်းပေါင်း ၆ ခုနှင့်အတူ “၂၅ နှစ် ငွေရတု” တိုင်ခဲ့ပါပြီ

ဤလုပ်ငန်းကြီး ရှင်သန်ရန် မိမိတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းဖြင့် ပါဝင်လုပ်ဆောင်ပေးနေကြသလို တကယ့် မေတ္တာစိတ်အပြည့်ဖြင့် မိမိတို့ရဲ့ ခန္တာကိုယ်မှ သွေးကို ထုတ်ပြီး လူအသက်များစွာကို ကယ်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စုပေါင်း သွေးလှူပွဲကို ယနေ့ ၁၉ – ၅ – ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ၏ Managing Director and Executive Director အပါအဝင် Department ပေါင်းစုံမှ ညီအစ်ကိုမောင်နှမများနှင့် ၂၃-၅-၂၀၁၈ တွင် နေပြည်တော်မှ ညီအစ်ကိုမောင်နှမများက အားတက်သရော ဝိုင်းဝန်းလှူဒါန်းပေးကြပြီး အမှတ်တရ နေ့လေးကို တန်ဖိုးရှိရှိ လုပ်ဆောင်နိုင်ခဲ့ပါသည်

ယခုလို အရိပ်တစ်ခု၏ မှတ်တိုင်တခု အနေဖြင့် ၂၅ နှစ်ထိရောက်လာနိုင်အောင် ဝိုင်းဝန်းပံ့ပိုးပေးသော ချစ်တပည့် ညီအစ်ကို မောင်နှမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်

ကုမ္ပဏီ တည်ရှိရာသို့ လာရောက် လုပ်ဆောင်ပေးပါသော အမျိုးသား သွေးလှူဘဏ်မှ ဆရာ ဆရာမများ ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်

#25th_Year_Anniversary_of_Mudon_Maung_Maung_Group_of_Companies
#Blood_Donation_Ceremony
#SaveALife_GiveBlood